Monday, December 26, 2011

ပျော်နေဆဲ နေရာ

ဘ၀ဆိုတာ....
ဖြစ်ချင်တိုင်း မဖြစ်နိုင်ဘူး
မဖြစ်ချင်တိုင်းလည်း ဖြစ်နေရတာပဲ။
အထီးကျန်ဆိုတာ...
တစ်ယောက်ထဲနေလည်း အထီးကျန်
အဖော်ရှိလည်း အထီးကျန်
သူ့ဘ၀မှာ မျှော်လင့်ချက် ကုန်ဆုံး
လုံးဝ ဆိုတာ သူ့အတွက်....
အချစ်ဆိုတာ..
ဘာလဲ ကျွန်တော် မသိဘူး
ဘယ်ကလာလို့ ဘယ်မှာဆုံးတာလဲ
မသိချင်ပါဘူး
တိတ်တိတ်ကလေးလဲ ချစ်လို့ရသလား
အော်ဟစ်ဖွင့်ပြမှ ချစ်တာလား
ဒါလည်း မသိပါဘူး
ဘယ်လိုပဲ ဖြစ်ဖြစ် အချစ်ဆိုတာတော့ ရှိပါရဲ့
သုံးစားလို့ မရ....
အိပ်မက်တစ်ခု...
တမ်းတနေဆဲ အရာတစ်ခု
ဖြစ်ချင်မှလည်း ဖြစ်လာမှာပေါ့
ဒါပေမယ့် ကျွန်တော် အိပ်မက်ထဲမှာပဲ ပျော်တယ်။

No comments:

Post a Comment