Friday, December 30, 2011

မင်းအတွက် အိပ်မက်

ဘာနဲ့စလို့ ဘယ်လိုဆုံးသလဲ
အလဲအကွဲတွေနဲ့
ဒဏ်ရာတဲ့လား
ငါ မမှုပါဘူး
တစ်နေ့တော့ ကြုံဦးမှာပါ
ငါ့အလှည့်ဆိုတာ...
မင်း ဘက်က အသင့် ဖြစ်နေရင်
ငါ့ဘက်က ပြင်ဆင်စရာ မလို
ငိုရမယ့်သူ မင်း မဖြစ်ပါစေနဲ့
ငြင်းလိုက်မှာသာ ငါ ကြောက်တာ....
နူးညံ့မှုဆိုတာ မင်းဘက်က ရှိရင်
ငှက်မွှေးလေးလိုပါ ငါက
စိန်တစ်လုံးလို မာနေရင်တော့
wurtzite boron nitride ဆိုတာ
ငါ့ ဘက်က ပါပဲ...
ဒီလောကမှာ မင်း အတွက်
ငါ အသက်ရှင်
မင်းအတွက်ပဲ
ငါလဲပြိုခဲ့
ဒါပေမယ့် မင်း မမေ့ပါနဲ့
အနာဂါတ်မှာ မင်းဟာ ငါ့ အတွက် မဟုတ်ပါဘူး
ငါ ပိုင်ဆိုင်ရာ ငါ့ ကမ္ဘာမှာ
ဖန်ဆင်းရှင် ဟာလည်း ငါပဲ ဖြစ်မှာပါ
မင်း မဟုတ်နိုင်ပါဘူး
စိတ်ကူးနဲ့ ရူးတယ်ဆိုတာ
တကယ်ဆိုတော့ အိပ်မက်ပဲ ဖြစ်မှာလေ....
အင်း မင်း အတွက် အိပ်မက် ပဲ ဖြစ်နေဦးမှာပါပဲလေ............

No comments:

Post a Comment