
စာရေးဖို့ကို လက်မှာလည်း အားမရှိဘူး
နှလုံးသားကလည်း ခွင့်မပြုဘူး
ဥဏှောက်ကလည်း မတွေးနိုင်တော့ဘူး
အရုပ်ကြိုးပြတ်.....တဲ့
ငါကြိုက်တာက Celine Dion ရဲ့ Lonely
Akon ရဲ့ Lonely နဲ့ အပြိုင်ပေါ့
ဖြစ်နေတာကလည်း တစ်ယောက်တည်း
နိမိတ်တွေအပြည့်နဲ့ သီချင်းတွေပဲ
ငါလေ ရူးသွပ်ခဲ့
ညီထွဋ်ကတော့ ပြောရှာသား
မင်းတစ်ယောက်တည်း မဟုတ်ဘူး တဲ့
ဒါပေမယ့် ငါ မယုံနိုင်ပါဘူးလေ
ကိုငှက်ရဲ့ အမေ့အိမ်ကိုလည်း
ငါမှ မပြန်နိုင်တော့တာ
တွေဝေနေခဲ့တာကိုက အမှားများနဲ့ပေါ့
Good Bye လို့ မပြောခင်မှာ
နှလုံးသားရဲ့ အသံကို နားဆင်ကြည့်
ငါဟာ တကယ်ကိုပဲ
အညံ့ပန်းဘ၀နဲ့ပဲ ထိုက်တန်ခဲ့သလား
ဒီကြိုးကို ဖြတ်ဖို့ ခွန်းအားတစ်ခု ဖြည့်ပေးခဲ့ပါ။
စိတ္တဇကဗျာ..ဆိုတော့ကာ
ReplyDeleteစိတ္တဇဆန်ဆန်.မန့်သွားပါတယ်း)
“စိတ္တဇညများ.ကုန်ဆုံးလွန်မြောက်ပါစေ”း))
ကျေးဇူးတင်ပါတယ် သမီးစံ ရေ.... လွန်မြောက်ဖို့ ကြိုးစားလျက်ပါ။
ReplyDelete