Thursday, February 9, 2012

အလယ်ပိုင်းကာလ


စာမရေးဖြစ်တာလည်း နည်းနည်းတော့ ကြာသွားတော့ ရေးရမှာ တော်တော်ပျင်းလာတယ်။
ရေးစရာတွေကတော့ အများသား။
ဘယ်က စလို့ ဘာကို ရေးရမှန်းလည်း မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတယ်။
ကိုယ်ပိုင် ဆင်ဆာ နဲ့ ငြိနေတာက များနေတော့။
အင်း ...
တစ်ခုခုတော့ ရေးမှာပေါ့နော်။
ဟိုးတုန်းကတဲ့...
အလွန်ရိုးသား ဖြူစင်တဲ့ ကောင်လေး တစ်ယောက်ရှိတယ်တဲ့။ စာကိုပဲ ကြိုးစားပြီးတော့ ကျန်တာတွေဆို ဘာကိုမှ စိတ်မ၀င်စားဘူးတဲ့။
သူ့နာမည်ကတော့ အားလုံးသိကြတဲ့အတိုင်း မောင်သက်ဝင်း လို့ ခေါ်သတဲ့။
သူ့ဘ၀မှာ အကြီးကျယ်ဆုံးပြောင်းလဲသွားတာက သူ့ရဲ့ ၁၀ တန်း စာမေးပွဲကို ကျရှုံးတဲ့အချိန်ပဲတဲ့။ သူ့ဘ၀မှာ ပထမဆုံး ကျရှုံးခြင်းလည်း ဖြစ်တယ်တဲ့။
အဓိက ကျရှုံးရတာက ၀ီရိယ လွန်ကဲမှုကြောင့် ပေါ့။ စာတွေကို အိပ်ချိန်နည်းနည်းပဲ ထားပြီး ကျက်လိုက်တာ ၁၀ တန်းကို ဂုဏ်ထူး ၂ ဘာသာ၊ မြို့နယ်မှာ အမှတ်အများဆုံးနဲ့ ကျရှုံးသတဲ့လေ။
အဲဒီမှာ ကောင်လေးက ပေါက်ကွဲပြီး ၁၀ တန်း ဒုတိယနှစ်မှာ အင်မတန် တေလေပြီးတော့ ဆိုးသွမ်းခဲ့တယ်တဲ့။ ဒါပေမယ့် ပထမနှစ်မှာ ပါရမီ ပြည့်ခဲ့တော့ စာမေးပွဲမှာ မြို့နယ် ပထမ အဆင့်အနေနဲ့ပဲ အောင်မြင်ခဲ့သတဲ့။
ကောင်လေးက သူဝါသနာပါတဲ့ စက်မှုတက္ကသိုလ်ကို ရွေးချယ်မှု အဆင့် ပထမ နဲ့ ဒုတိယတွေ တတိယတွေ မထားပဲ လျှောက်ထားပြီး အဲဒီ စွယ်တော်တွေနဲ့ လှပတဲ့ အင်းစိန် ကြို့ကုန်း က စက်မှုတက္ကသိုလ်ကြီးဆီမှာ ပညာ သင်ကြားခဲ့သတဲ့။ ဒါပေမယ့် အဲဒီကျောင်းမှာ သူနာမည် ကျော်တာကတော့ ဖဲအလွန်ရိုက်တဲ့သူဆိုပြီး ကျော်ကြားသတဲ့။ အရက်သောက် ရန်ဖြစ် အဆောင်ရှေ့မှာ မူးမူးနဲ့ သီချင်းသွားအော်ဆို။ အဆောင်မှုးတွေလိုက်ရင် အဆောင်တွေကို ပတ်ပြီးပြေး... အဲဒီလိုနဲ့ပဲ စက်မှုတက္ကသိုလ်ကနေ ဘွဲ့တစ်ခု ရလာခဲ့တာပေါ့လေ။
အခုတော့ သားကျွေးမှု မယားကျွေးမှုတွေနဲ့ ကျွန်းနိုင်ငံ သေးသေးလေးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ ကုမ္ပဏ္ဏီ သေးသေး တစ်ခုမှာ အလုပ်လုပ်နေရှာသတဲ့။
ဒါပေမယ့် အဲဒီကျွန်းမှာလည်း သူဟာ မလိမ္မာသေးပဲနဲ့ မိုက်တုန်း ရှိနေသေးသတဲ့။

အင်း ဒီလောက်ဆိုရင် နည်းနည်းတော့ အားသာပြေ ရေးဖြစ်သွားတာပေါ့နော်။
နောက်ကြုံမှပဲ သမီးစံ ရဲ့ တပ်ဂ် ငယ်ငယ်တုန်းက အမှတ်တရလေးတွေ ထပ်ရေးပါဦးမယ်။
ချစ်ခင်စွာဖြင့်.....

4 comments:

  1. ပုံပြင်လေးကတော့..ဒါပါပဲကွယ်း))
    (ကျန်နေသလားလို့..ဖြည့်ပေးလိုက်တာ)
    စီနီယာကြီးများလို..အရက်မသောက်တတ်ပါ။
    ထန်းရည်တော့သောက်ချင်သည်။း)
    ဖဲလည်းမရိုက်တတ်ပါ။
    ကြားတော့ထိုးချင်သည်း)
    ဆက်ရေးရန်ကျန်နေသည်များကို..စောင့်နေပါသည်။
    သားတွေရှိရင်.သူတို့အကြောင်းများများထည့်ရေးစေချင်ပါသည်။ :P


    ခင်မင်လေးစားလျှက်

    ReplyDelete
  2. ပုံပြင်က မပြီးသေးဘူး သမီးစံရေ.... သားက ခု ပထမနှစ် မြို့ပြ တတ်နေတယ်။

    ReplyDelete
  3. သက်ဝင်းရေ မင်းဆင်ဆာ ကို သိနေသလိုပဲ အေးလေ ဒူးယားဆောင်တစ်ဆောင်ထဲ အခန်းကလည်း ကပ်လျက် ဆိုတော့ မသိချင်လည်းသိနေတာကိုး မင်းမရေးမှ တော့ မပြောတော့ပါဘူး...စင်ကာပူရောက်နေတဲ့ မြောင်းမြ က ဘိုးတော် ကို တော့ မသိစေနဲ့ နော်...

    ReplyDelete
  4. ဖိုးကေးရေ.... အဲဒါလေးကတော့ ခြွင်းချက်ပေါ့ကွာ။ ဒို့အချင်းချင်း သိတာပဲ ကောင်းပါတယ်။ ဟားဟား။ ဘိုးတော်က ငါနဲ့ ဆက်ဆံရေး တော်တော် ကျဲ သွားပြီကွ။

    ReplyDelete