Showing posts with label ကျွန်တော်နဲ့ ကျွန်တော်. Show all posts
Showing posts with label ကျွန်တော်နဲ့ ကျွန်တော်. Show all posts

Wednesday, March 7, 2012

တပေါင်းလပြည့်ည


ဒီညကတော့ လမင်းကြီးက ထိန်ထိန်သာလို့ပါပဲ။ အရင်တုန်းကဆို ဒီလို လသာညမှာ အပြင်ထွက် လမ်းလျှောက် လမင်းကြီးကို မော့ကြည့်ရတာကို သိပ်အရသာရှိတာ။ ခုတော့.....
ဆိုက်ထဲမှာ ကွန်ပျူတာကို ငေးပြီး ဘာလုပ်ရမှန်း မသိအောင်ကို အပူတွေ များလွန်းလှတယ်။
အပြင်က လမင်းရဲ့ အလင်းရောင်ကလည်း ကျွန်တော့ကို မမြူဆွယ်နိုင်တော့ဘူး။
မိုးသားတိမ်ရိပ်တွေ ကင်းစင်ပြီး ကြည်လင်တောက်ပနေတဲ့ လမင်းကြီးကို ကျွန်တော် မနာလိုတွေ ဖြစ်နေမိတယ်။
ငယ်စဉ်ဘ၀တွေကိုပဲ ပြန်တမ်းတမိတယ်။
လုပ်စရာအလုပ်တွေ တန်းစီနေတဲ့ ကျွန်တော့ အဖြစ်အပျက်ကို လမင်းကြီးကတော့ သိရှာမှာ မဟုတ်ဘူး။
အဲဒီလုပ်စရာ အလုပ်တွေကိုပဲ လုပ်ရင်းနဲ့ စိတ်ကုန်နေတာကိုလည်း သူသိမှာ မဟုတ်ပါဘူး။
သူ့ အလင်းရောင် သူဖြာဝေရင်းနဲ့ သူ့ဟာသူ ကျေနပ်နေမှာပါပဲနော်။
ခြောက်သွေ့လွန်းတဲ့ ကိုယ့်ဘ၀ကို တကယ် မကျေနပ်ဆုံး ဖြစ်ရတာ ဒီတစ်ညပါပဲ။
ဘိုထီးရဲ့ မောင့်လပြည့်ဝန်းကိုလည်း သတိရမိပါရဲ့။
ကိုငှက်ရဲ့ ငါနဲ့ငါကြား ဗျာများနေဆဲငါ ကိုလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် သတိရနေမိလေရဲ့။
ဘာပဲ ပြောပြော ကမ္ဘာမြေ ကျန်းမာပါစေဗျာ။

စာကြွင်း။ မနေ့က ကျွန်တော် ဒီပို့စ်ကို ရေးပြီးတော့ အိမ်ပြန်ဖို့ ကားပေါ်အတက် ကားထဲက သီချင်းက တိုက်တိုက်ဆိုင်ဆိုင်ဗျာ..... မောင့်လပြည့်ဝန်း.....