Showing posts with label Tag Post. Show all posts
Showing posts with label Tag Post. Show all posts

Sunday, March 4, 2012

ငါးထောင်တန်ဖုန်းအပေါ်အမြင် (တဂ်ပို့စ်)


ကျွန်တော့ အမြင်ကတော့ သူများနဲ့တူချင်မှ တူပါမယ်။ ငါးထောင်တန်ဖုန်းရယ်လို့ မဟုတ်ပဲနဲ့ ဆင်းကဒ် ကို ငွေကြေးအရ အနည်းဆုံးပေးရဖို့ အရေးပဲ ပြောချင်ပါတယ်။ လက်ရှိ စင်ကာပူမှာ နေနေတဲ့ လူတစ်ယောက်အဖို့ ဆင်းကဒ်ရဲ့ တန်ဖိုးဟာ သိပ်မရှိပါဘူး။ အဓိကပေးရတာက ဖုန်းခေါ်ခတွေပါ။
ဆိုတော့ကာ... ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏ္ဏီများဟာ ရေရှည်ကို ကြည့်ရပါတယ်။ Demand ကောင်းတဲ့ မြန်မာပြည်မှာ Sim Card အတွက် တန်ဖိုး သိန်းချီပေးနေရတာဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ကြက်သွန်ဖြူ တစ်ဥ စားချင်လို့ သွားဝယ်တဲ့အခါ ဒီကြက်သွန်ဖြူ စိုက်ဖို့အတွက် မြေဖိုးပါ ကျွန်တော်တို့ပေးရပါတယ် ဆိုရင် ဖြစ်သင့်ပါသလား။ ဒီလိုပါပဲ.... ဖုန်းဆက်သွယ်ရေးအတွက် သုံးစွဲဖို့ ကျွန်တော်တို့က တာဝါတိုင်တွေ၊ ဆက်သွယ်ရေး ရုံးတွေအတွက်ပါ ပေးရမယ်ဆိုရင် ဒါကြီးက တော်တော် မှားနေတဲ့ အယူအဆပါ။ ဒီလို တန်ဖိုးသတ်မှတ်မှုများရတာဟာ ဘယ်လိုမှ သမာမှု မဖြစ်နိုင်ပါဘူး။ ဒါဟာ မသမာမှုပါ။
ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ငါးထောင်တန်ဖုန်း ငါးထောင်တန်ဖုန်းရယ် လို့ မအော်စေချင်ပါဘူး။ ငါးထောင်တန်ဖုန်းဆိုတာ ကုမ္ပဏ္ဏီတစ်ခုရဲ့ သတ်မှတ်ချက်ပါ။ ဖြစ်နိုင်ရင် အလကားတောင် ဝေသင့်ပါတယ်။
ဒါပေမယ့် အခုလောလောဆယ် ကော ဖြစ်နိုင်ပါသလားဆိုတာ ကျွန်တော်တို့ စဉ်းစားရပါမယ်။
ကျွန်တော့အမြင်ကတော့ ဆက်သွယ်ရေးဌာနအနေနဲ့ Third Party နဲ့ ပူးပေါင်း ဆောင်ရွက်မှ ရမှာပါ။ နိုင်ငံခြားက အတွေ့အကြုံ ရှိတဲ့ ရင်းနှီးမြုပ်နှံလိုသူတွေနဲ့လည်း သေသေချာချာ တွေ့ဆုံ ဆွေးနွေးရပါလိမ့်မယ်။ ပြည်တွင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ချင်တဲ့သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးရပါလိမ့်မယ်။ ငါသိ ငါတတ် ဆိုတဲ့ မာန်တွေ ချပြီး တကယ်မသိ တကယ်မတတ်တာကို ကိုယ့်ဘာသာကို အမှန်မြင်တတ်ရပါမယ်။ ပြည်တွင်းက ရိုက်စားလုပ်မယ့်သူတွေကိုတော့ အထူးရှောင်ကြဉ်ရပါလိမ့်မယ်။
ကျွန်တော် ဖတ်ခဲ့တဲ့ ဘလော့ဂ် တစ်ခုကလည်း နှိုက်နှုက်ချွတ်ချွတ် ရေးထားတာ ရှိပါတယ်။
http://mgthetnaing.blogspot.com/2012/02/blog-post_468.html
အဲဒီမှာ သွားဖတ်ကြည့်ပါ။
ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာတွေ မပြောချင်ပါဘူး။ ကိုယ်ကိုတိုင်လည်း သူတို့နဲ့ မသိပါဘူး။
ကျွန်တော့အမြင်ကတော့ Sim Card တွေကို တန်ဖိုးအနိမ့်ဆုံးနဲ့ ဆက်သွယ်ရေးက ရောင်းချပြီး လိုင်းမကျပ်အောင် ထိန်းပေးနိုင်ရင် တိုင်းပြည်အတွက် အလွန်အကျိုးရှိကြောင်းပဲ ပြောလိုပါတယ်။
လေးစားစွာဖြင့်