အိပ်မက်တစ်ခုနဲ့ ကျွန်တော်
Showing posts with label
တမ်းချင်း ကဗျာ
.
Show all posts
Showing posts with label
တမ်းချင်း ကဗျာ
.
Show all posts
Tuesday, March 6, 2012
ဧပြီသို့
ကဗျာတော့ကဗျာ
ဒါပေမယ့် ညာမှာတော့ မဟုတ်ဘူးနော်
အထီးကျန်မှုတွေလည်း ထွေထူးမဟုတ်တော့ပါဘူး
ညမှာ တမ်းတမိတာက မင်းကိုလေ
နာရီတွေရဲ့ ခြိမ်းချောက်မှုက
ရူးမလောက်ပါပဲ အိမ်သူရယ်....
အနေဝေးပေမယ့် ငါ့ အသည်း မစိမ်းပါဘု
ဒို့တွေ ပြန်ဆုံစည်းမယ့်နေ့ကို
ရင်ခုန်တုန်းပါပဲ။
Friday, January 20, 2012
ပျော်စရာနေ့တဲ့လား
ပျော်စရာ ကောင်းတဲ့နေ့
ဘယ်နေ့ပါလိမ့်
ပြက္ခဒိန်မှာ ရှာမတွေ့
ရွေ့လျားမှု နိယာမ မှာလည်း မရှိ
အသိတွေကလည်း မှုန်ဝါးလို့
ထွေပြားတဲ့ စိတ်ကို ထိန်းချုပ်
ငါ့ကို တုပ်နှောင်နေတဲ့
တစ်ချောင်းသော ကြိုးကို ဖြတ်
ရှေ့ဆက်ရမယ့်လမ်းကို ဟန်နဲ့ လျှောက်
ဒူးတော့ မထောက်ပါဘူး
ရူးမလောက်လည်း ဖြစ်ခဲ့တာမှ မဟုတ်တာ
ပျော်စရာ ဆိုတာ အဖော်ရှာမှ
ဖြစ်ရမှာတဲ့လား
ငယ်ချစ်ရာ။
Thursday, January 19, 2012
ချစ်သော ဇနီးသို့ လွမ်းချင်း
ချစ်သူရေ......
တစ်ခါတစ်လေတော့လည်း
လွမ်းမိနေဆဲပါပဲ။
ဟိုးတုန်းက အချိန်တွေဆို
ပျော်စရာ ဆွေအပေါင်းနဲ့
ဒို့တွေ ကောင်းကောင်း ပျော်ခဲ့ကြတာပေါ့။
ခုတော့လည်း.....
အတိတ်ဆီ ပြန်မသွားနိုင်တဲ့
အချိန်ရထားကြီးက
အသာစီးရနေပြီလေ။
အနာဂါတ်မှာ
ကိုယ်တို့ရဲ့ ဘ၀သာယာဖို့
အထာမကျတဲ့ အရပ်မှာ
အလွမ်းဇာတ်ပဲ ကနေရဦးမယ်။
Tuesday, January 17, 2012
အိမ်တော်ကျွန်
စီးတော်မြင်းတစ်ကောင်နဲ့
ကျွန်ရင်းတစ်ယောက်
ခရီးကြမ်းတစ်ခေါက် ထွက်ကြတယ်။
သောင်ကမ်း မသိပေမယ့်
ယောင်ယမ်းကာလည်း မညည်းပါဘူး
အထူးတလည် ပြောစရာမလိုအောင်
ရေဘူးတောင် ဆောင်လာသေးတာပဲ
ဝေးရင်လည်း ဒီတစ်သက်ပဲပေါ့။
Monday, January 16, 2012
နောက်ထပ် ကြုံဦးမယ့် နေ၀င်ချိန်
ဒီနေ၀င်တာ နောက်ထပ်ကြုံဦးမယ် ဆိုတဲ့
ကိုငှက်ရဲ့ သီချင်းလေးနဲ့
စီးဆင်းရာ လေတစ်ကြောမှာ
မျောပါရင်း ရိုက်ခဲ့
ထိခိုက်မိခဲ့ ရင်နှလုံး
အပြုံးတုလေးတွေ ဖန်ဆင်း
ကံကိုလည်း အပြစ်မမြင်ပါဘု
အရင်းကိုလည်း မစစ်ချင်
ဝင်လာမိ သံသရာ အမှား
ထားခဲ့ အတိတ် နှလုံးအိမ်ထဲ
ဒီနေ၀င်တာပဲ လွမ်းမိတယ်။
Older Posts
Home
Subscribe to:
Posts (Atom)