Saturday, December 31, 2011

မယုံပါဘူး


ကြယ်တွေ စုံတဲ့ည တဲ့လား
မယုံပါဘူး
အထီးကျန် ကြယ်တစ်စင်း
သူ့အလင်းကို ဖွက်ထားဆဲ
တိတ်တဆိတ် ကြေကွဲနေတာ......
အထီးကျန် အိပ်မရတဲ့သူတဲ့လား
မယုံပါဘူး
ငါလည်း တစ်ယောက်ထဲပါပဲ
ရင်ထဲ ၀င်ကြည့်လိုက်ပါဦး
နှလုံးသား တစ်စုံလုံး
ပျောက်ဆုံးလို့ ဆို့နင့်
ငါ့မှာ မင်းထက် အထီးကျန်နေတာ.....
အဖော်မရှိတဲ့ည တဲ့လား
မယုံပါဘူး
မင်း ရင်ထဲက တိတ်တဆိတ်လေး
တမ်းတလိုက်ရုံလေးနဲ့
မင်း ရှေ့မှာ ငါဒူးထောက်
အခစား ရောက်တာ
မင်း အသိ မဟုတ်လား......
အလုပ်အကျွေး မရှိတဲ့သူတဲ့လား
မယုံပါဘူး
မင်းကသာ ရေဆာတယ် ပြော
ငါ့သွေးကြောကို ဖောက်ထုတ်
မင်း သောက်သုံးနိုင်တယ်လေ......
ကြယ်တွေစုံတဲ့ ညတဲ့လား
မယုံပါဘူး..................

No comments:

Post a Comment