Wednesday, January 18, 2012

စကားပြောကောင်းတဲ့ လူ


ကျွန်တော် အမြင်ကပ်ဆုံးက စကားပြောနေရင်းနဲ့ ကိုယ့်စကားကို အာရုံမထားပဲ သူပြောချင်တာကို ၀င်ပြောတတ်တဲ့သူမျိုးကိုပါပဲ။ ကျွန်တော့ ပါတ်ဝန်းကျင်မှာကို ဒီလို လူမျိုးတွေ တွေ့တွေ့ နေရတယ်။ တကယ် စိတ်မချမ်းမြေ့စရာပါပဲ။ ကိုယ့်စကားနွားရ ဆိုတဲ့လူမျိုးဟာ ဘယ်တော့မှ Speaker ကောင်း တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ Good Listener ဖြစ်မှသာလျှင် Good Speaker တစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော်လည်း အရင်နုစဉ်တုန်းက ဒီလို ၀င်ဝင် ပြောတတ်တယ်။ ကျွန်တော့ ကို ကောင်းကောင်းလေ့ကျင့် ပေးသွားတာက ကျွန်တော့ ယောက္ခမ နဲ့ ကျွန်တော့အမေ ပါပဲ။ အသက်ကြီးလာတဲ့ အခါမှာ သူတို့မှာ အဓိက လိုအပ်တာက သူတို့ ပြောတာကို စိတ်ရှည် လက်ရှည် နားထောင်ပေးတတ်တဲ့သူကိုပါပဲ။ ကျွန်တော်ဟာ သူများပြောတာကို စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်တဲ့ အကျင့်ကို ဒီမိဘတွေဆီက ရရှိလာတာပါပဲ။ ကျွန်တော် Network Marketing ကို လုပ်တော့ ဒီအကျိုးကျေးဇူးကို ကောင်းကောင်း ခံစားလိုက်ရတယ်။
စင်ပေါ်မှာ စကား ပြော ဖို့ဆိုတာ သာမာန်လူတစ်ယောက်အနေနဲ့ မလွယ်ပါဘူး။ ကိုယ်တိုင် ပြောဘူးတဲ့ သူမှ သိတာပါ။

2 comments:

  1. ဟုတ်ပါ့ ..... ကိုကြီးသက်ဝင်းရေ.
    ကိုကြီးသက်ဝင်းစာတွေ၊ ကဗျာတွေ ဖတ်ရတာ.....
    အရမ်းကို အနှစ်သာရရှိပါတယ်......
    ဆက်ရေးနော်......

    ReplyDelete
  2. သိပ်နောက်တာပဲနော် အမကြီးက :)

    ReplyDelete