Monday, January 30, 2012

အမျိုးချစ်တဲ့ကျုပ်ရဲ့ ကာရန်မရှိသော ကဗျာ တစ်ပုဒ်


ကမ္ဘာမှာ မြန်မာဝင့်ကြွားစေရယ်ဖို့
ခင်ဗျားတို့ အတုယူထိုက်သော အရာကို အတုယူကြပါ။

ဒါကိုတော့ လက်မခံနိုင်ဘူး
ဒို့တွေရဲ့ အမူအကျင့်နဲ့ မအပ်စပ်ဘူးဆိုတဲ့အရာကို
ရှောင်ကြဉ်ကြပါ။

ဘယ်သူမှ ခြောက်ပစ်ကင်း သဲလဲစင် မရှိပါဘူး

ကျုပ်ကတော့ ရင်မောတယ်

ဝင်လည်း မပါချင်ဘူး။

မကြည့်ပဲနဲ့လည်း မနေနိုင်လို့
အမြဲတမ်းပဲ စောင့်ကြည့် လေ့လာတယ်။

တဏှာမပါပဲ
အပြာကား ရိုက်လို့ရသလား

သွားစမ်းပါ။

အမျိုးဂုဏ်ဆိုတာဘာလဲ။

ခင်ဗျား အဖေနဲ့ အမေ ရဲ့ အမျိုးကို
ကျုပ် ပြောနေတာ မဟုတ်ဘူး။

ယဉ်ကျေးမှုကိုကော နားလည်ရဲ့လား
နိုင်ငံခြားမှာ အနေကြာလို့
ခင်ဗျားကြီး မေ့သွားတာလား။

သခင်ကိုယ်တော်မှိုင်းကြီး
မျက်ရည်ကျရမယ့် နေ့တွေ ဖန်တီးနေတာလား။

ကျုပ်ကတော့ ကျုပ်တို့ တိုင်းပြည်ကိုပဲ ချစ်တယ်
ကျုပ်တို့ ယဉ်ကျေးမှုကိုပဲ မြတ်နိုးတယ်

လျှာပေါ်မှာ မြက်ပေါက်ပါစေ
အလေလိုက်မယ့် စိတ်ထားနဲ့
ကျုပ်ကို လာ မဖြားယောင်းနဲ့
ကျုပ်ကတော့ ဗူးဆို ဖရုံ မသီးဘူး
ပြီးမှလည်း ငြမ်း မဖျက်တတ်ဘူး။

ဒါပေမယ့် တစ်ခုပဲ ပြောမယ်
ကျုပ် အမျိုးကိုတော့ ချစ်တယ်။

No comments:

Post a Comment