Monday, January 16, 2012

သံသရာအတွက်


ကဗျာတွေ အသက်သွင်းရင်းနဲ့
ငါ့လိပ်ပြာလည်း အတောင် တစ်ဖက် ကျိုးခဲ့ပြီ
ဒီခရီးရှည် ကို နီးသတဲ့လား။

ဆေးလိပ်ငွေ့တွေ တထောင်းထောင်းထနေတဲ့
အတိတ်ရဲ့ ညနေစောင်းမှာ
မာယာတွေနဲ့မင်းကို ရူးသွပ်မိတာ
တစ်သက်စာ အမှားတစ်ခုပဲလား။

လွမ်းပုံပြင်တွေလည်း မြက်ခင်းစိမ်းရဲ့တစ်ဖက်မှာ
ယိမ်းနွဲ့နွဲ့ ရီဝေမူး
အနီရောင် တိမ်တိုက်တွေရဲ့ တစ်ဖက်တစ်ချက်
ယဲ့ယဲ့လေး ပြုံးပန်းတစ်ပွင့်နဲ့
သခင်ရဲ့ အရှေ့မှာ ဒူးထောက်ခစားနေလေတယ်။

ပျိုမြစ်ခြင်းတွေကို တိုက်စားသွားတဲ့
ငါ့ရဲ့ လက်ပတ်နာရီလေး
ဝေးဝေးကနေ ငါ့ ကို ပြုံးပြတယ်
တကယ်တော့ သူမမှားပါဘူးတဲ့
ဟုတ်ပါရဲ့ ....
ဒါတွေဟာ သံသရာတစ်ခုပေပဲ
ဖန်တစ်ရာတေတဲ့
ငါ့ရဲ့ နိမိတ်တွေပဲလေ။

ဆယ့်သုံးနဲ့ ငါ
အခါခါ ပြောဘူးပါတယ်
မူးကိုလည်း မြစ် ငါ ထင်လို့လား
အနှစ်မပါတဲ့အရာတွေ ရင်ဘက်ကို ဖောက်ပြီးဆင်း
မင်း အတွက်တော့ ငါမှ မဟုတ်တာ
သေချာတာကတော့
ရေတွေ ကောင်းကင်ကို ဖြတ်တက်နေတယ်။

ညီထွဋ်ကတော့ ပြောတုန်း
အားလုံးပြီးဆုံးသွားပြီတဲ့......
တကယ် ပြီးမပြီးကိုတော့
ကောင်းကင်ကို မော့ကြည့်လေ
နေမင်းကြီးက ငိုနေတာ
ဒီ တစ်ခါတည်းမှ မဟုတ်တာ
ဒါသံသရာ အတွက်တဲ့။

No comments:

Post a Comment