Friday, January 27, 2012

စိတ်ကျ ပန်းချီကား


အိပ်မရတဲ့ည သံသရာတွေ
ငါ့ဆီ တစ်ခါ ပြန်လာပြန်ပါပေါ့။

တစ်ခါတစ်ခါများ
စိတ်အစာတွေများ မကြေလို့လား
စိတ်ကြေဆေးလေး ပေးကြပါဦး
သန်းခေါင်ယံမှ သီတဲ့
ဥသြသံလည်း ငါ နားခါးတယ်
အိမ်ကိုပဲ လွမ်းနေတာလား
အရင်ဘ၀ကိုများ တမ်းတမိလေသလား
နတ်ဆိုးတစ်ကောင်ကိုများ အားကျပြန်လေသလား
လား ပေါင်းများစွာနဲ့
ည ပေါင်းများစွာကို ကျော်ဖြတ်
မနက် က တကယ် နေထွက်ခဲ့
ငါလည်း နွေနံနက်ခင်းရဲ့ အလှကို
မသိလိုက်ရဘူး
ငါ့ကဗျာတွေဟာလည်း တကယ်
မအပ်စပ်တော့ပါဘူး
ရောင်စဉ်တွေ ခုနှစ်ထွေမကတဲ့
သံသာလေ ကမ်းတိုင်လည်း
ငါ မညည်းနိုင်ပြန်
ငါ့ကို အိမ်ပြန်ပို့ကြပါဦး။

No comments:

Post a Comment