ဒီနေ့ Sky Park Hotel မှာ တစ်ည အိပ်စက်ခွင့် ရတယ်။
ပျော်သလို ရှိခဲ့ပေမယ့် တစ်ကယ် ရောက်တဲ့ အခါကျတော့ အိမ်က အိပ်ယာကို ပိုလွမ်းမိတယ်။
ဘာမှ ထူးခြားမှု မရှိပေမယ့် ကိုယ့်လစာနဲ့ဆိုရင် အနားတောင် မကပ်နိုင်တဲ့နေရာမို့လို့ သည်းညည်းခံပြီး အိပ်ရတော့မှာပဲလေ။
အစားအစာတွေကလည်း ဈေးကြီးလိုက်တာ ဘာမှတောင် မှာမစားရဲလို့ ကော်ဖီလေး တစ်ခွက်ပဲ ဖျော်သောက်လိုက်တယ်။
ဒီလို နေရာမျိုးမှာ မိသားစုနဲ့သာ လာနေရရင်တော့ တကယ် ပျော်မိမှာပဲ။
ခုတော့ ပိုပြီး အထီးကျန်တဲ့ ဝေဒနာကို ခံစားရတယ်။
ကျွန်တော်က နဂိုကတည်းက အိမ်ချစ်တဲ့သူပဲ။
ပြောရင်းဆိုရင်းနဲ့ ရန်ကုန် က ကျွန်တော်တို့မိသားစုကို ပို ပို လွမ်းမိတယ်။
Sky Park ကို သွားချင်ရင် ၂၀ တဲ့။ ဒါပေမယ့် ကျွန်တော့မှာ Member Card ရှိတော့ တက်ကြည့်မယ်ဆိုရင် အလကားတော့ တက်ကြည့်ခွင့် ရမှာပါ။ စိတ်ထဲ မပါလို့ တက်မကြည့်တော့ပါဘူး။
အခန်းကို မီးပိတ်ပြီး အပြင်ဘက်ကိုပဲ ငေးနေမိတယ်။
စင်ကာပူမြို့ကြီးကတော့ သူ့ဟာသူ လှနေတာပါပဲ။ ကျွန်တော့မှာတော့ အမျှင်မပြတ်တဲ့ အတွေးတွေနဲ့။
ကိုထီးရဲ့ သီချင်းသံကတော့ အခန်းထဲမှာ ပြန့်လွင့်လို့ပေါ့။
ငယ်စဉ်က ကလေးလေး ဘ၀မှာ.... ဆိုပြီးတော့ ကျွန်တော့ကို ပိုပြီး အထီးကျန်စေတယ်။
ဒီတစ်ညကိုတော့ ကျွန်တော် ကျော်ဖြတ်ရမယ့် ခက်ခဲတဲ့ ည တစ်ည ထဲမှာ စာရင်းတို့ထားရတော့မယ် ထင်ပါရဲ့။
ညတွေမှာလည်း အိပ်မပျော်တဲ့ ရောဂါက ပြန်စနေတာကိုး။
ဓါတ်ပုံလေးတွေကိုတော့ အမှတ်တရ အနေနဲ့ပဲ ရိုက်မိတာပေါ့နော်။
No comments:
Post a Comment