Thursday, January 26, 2012

ငါ အရှုံးပေးရတဲ့ ည


ဒီညကတော့
ငါ အရှုံးပေးရတဲ့ည...

အိပ်စက်နည်း မျိုးစုံကလည်း
ငါ့ကို အရှုံးပေးရတဲ့ည...

စာအုပ်တွေ ဖတ်ပါလားတဲ့
တစ်မျက်နှာပြီး တစ်မျက်နှာ
စာအုပ်သာ ပြီးဆုံး
ငါ လုံးလုံး အိပ်မရတဲ့ည...



တရားတွေ နာပါလားတဲ့
ဆရာတော်ကိုတော့ အားနာပါတယ်
ဒါပေမယ့် ကြိုးစားကြည့်တော့လည်း
တရားသာ ပြီးဆုံး
ငါ လုံးလုံး အိပ်မရတဲ့ည...

အရက်နဲ့ ဘီယာ
တွဲကာသာ ချ သူငယ်ချင်းတဲ့
ပုလင်းသာ လဲသွားတယ်
ငါ့မှာ ရင်တွေ ပူတုန်း
ငါ လုံးလုံး အိပ်မရတဲ့ည...

ဆေးလိပ် သောက်ပြီး အိပ်တဲ့
ဗူးတစ်ဝက်သာ ကျိုးသွားတယ်
ရင်မှာ ဗလောင်ဆူတုန်း
ငါ လုံးလုံး အိပ်မရတဲ့ည...

ဘယ်လို နတ်ဆိုးပါလိမ့်
ငါ့ရဲ့ အိပ်စက်ခြင်းကို သူ သိမ်းပိုက်
ငါ့ကို မှောင်မိုက်တဲ့ ညမှာ
သူ ပစ်ထားခဲ့တာပဲ
ငရဲ တစ်ပိုင်းဆိုတာကို
ည တိုင်းတော့ မကြုံချင်ဘူး
အိပ်ဖန်စောင့်နတ်ရေ
ငါ့ ကို ပစ်ခွာမပြေးဖို့
တောင်းပန် ပေးကြပါဦး
ဒီညလေးကိုတော့
ငါ့ အတွက် ချန်ထားပေးပါ။

No comments:

Post a Comment