Wednesday, January 11, 2012

ချိုး နဲ့ ခါချဉ်



တရားမျှတခြင်းနဲ့
ဘာတဲ့.....
ဒါတွေက စာသားတွေပါ
ကဗျာတော့ မဟုတ်ဘူး
အရူးလုပ် မခံရပါစေလို့ပဲ
ဝေဒနာရှုရင်း
ဆုတောင်းတယ်။

ဘာတဲ့ ဘာတဲ့
ကြိုးစားပါမယ်တဲ့လား
ကြားရဖန် များလာတော့လည်း
ရိုးတော့ ရိုးနေပါပြီ
ဘ၀နဲ့ ချီလာပြီကိုး
အတိုးပေါ် အတိုးဆင့်
ရင်နင့်ခဲ့ရတာ
ငါ တစ်ယောက်တည်းမှ မဟုတ်ပဲ။

ဘာဗျ ဘာဗျ
ကြိုးစားကြပါလားတဲ့လား
ဘယ်လိုများ ကြိုးစားရပါ့
ချိုး(ဂျိုး) တစ်ကောင်
အတောင်တွေ ကျိုးနေတာ
မမြင်တာ ခင်ဗျားလေဗျာ။

သူ့လက်ထဲမှာ
ဘာရှိတာတုန်း
အဲဒါကြီးနဲ့သာ ကြုံးလိုက်ရင်
ရှင်နေမင်းတောင် မမြင်ရတဲ့
ဘ၀ ဆိုတာ ကြီး ပျောက်ကွယ်မှာလေ။

ဘယ်လို ဘယ်လို
ခင်ဗျားကိုတော့ မထိရဲ
အဲဒါပဲလေ ကျုပ်ပြောတာ
ကမ္ဘာမှ မကျော်တဲ့ငနဲ
လောကထဲမှာ ပျောက်ကွယ်လို့လည်း
ကိုယ်ကလွဲလို့
သူပဲသိမှာ
ခါချဉ်ကောင်ပါကွာ။

1 comment: